Monday, March 23, 2015

ဖုန်းဝယ်တော့မယ်ဆိုရင်...‌

ဒီပို့စ်ကို Android Knowledge နည်းသူများအတွက်ရည်ရွယ်ပြီးရေးပါတယ်.. နောက်ပြီးဖုန်းတစ်လုံးကို ဘယ်လိုဝယ်ရမလဲ ဆိုတာလဲစဉ်းစားတတ်စေချင်တဲ့စေတနာလဲပါပါတယ် CPU - ဖုန်းတစ်လုံးရဲ့လုပ်ဆောင်နိုင်စွမ်းပါ.. အမျိုးအစားတွေကတော့ Single Core -(စွမ်းဆောင်ရည်တစ်ဆ) Dual Core - ၂ဆ Quad Core - ၄ဆ Octa Core - ၈ဆ အဲ့မှာမှ Unit ကတော့ကွဲပြားပါလိမ့်မယ် Quad Core ချင်းတူတာတောင် မြင့်တာနှိမ့်တာထပ်ကွဲပါ လိမ့်မယ်.. Unit ကိုတော့ Mhz နဲ့ Ghz ဆိုပြီခေါ်ပါတယ် (1000Mhz = 1Ghz) RAM - ဖုန်းတစ်လုံးရဲ့လုပ်ဆောင်ချက်တွေကိုယာယီသိမ်းဆည်းပေးတဲ့ Memory ပါ.. ဥပမာ Facebook ကိုသုံးရင်ထွက်လိုက်တယ်.. ခဏနေပြန်ဝင်ရင် ကိုယ်သုံးနေတဲ့နေရာပြန်ရောက်တယ် ဒါတွေက RAM လုပ်ဆောင်ချက်ပါ.. RAM က CPU နဲ့တိုက်ရိုက်ချိတ်ဆက်ပါတယ်.. CPU မြင့်လေ RAM များများလိုလေပါပဲ.. RAM အမျိုးအစားတွေကတော့ (128/256/512MB, 1/2/3/4GB) ရှိပါတယ်.. RAM ဆိုတာ သီချင်း ဂိမ်း ဒေတာသွင်းလို့မရပါဘူး Internal Memory Unit နဲ့တူတဲ့အတွက် အချို့လူတွေအယူလွဲတတ်ကြပါတယ်.. ROM (or) Internal Storage - ဖုန်းရဲ့နဂိုပါတဲ့ Memory ပါ.. ROM နည်းရင် ခဏလေးနဲ့ Low on Storage Space နဲ့ကြုံတွေ့ရပြီး အချို့ဖုန်းမှာ အလိုလို Storage Space ရှင်းဖို့ Software တက်လာတာကြုံရပါမယ် Android 4 အထက်ပါတဲ့တန်ဖိုးနည်းဖုန်းတွေမှာ ပိုဆိုးပါလိမ့်မယ်.. ဖြစ်နိုင် ရင်တော့ External SD ကဒ်ဆိုက်ပြီး Phone နဲ့တိုက်ရိုက်ချိတ်ဆက်မှုမရှိတဲ့ mp3, mp4, ဓာတ်ပုံ, APK ဖိုင်များကို Ext SD ထဲကို ရွေ့ (or) ထည့်ပါ.. Camera - Megapixel (MP) ဆိုတဲ့ Unit နဲ့ တိုင်းတာပါတယ်.. လက်ရှိအချိန်မှာ Back Camera 8MP ဆိုရင် အသင့်သင့်သုံးလို့ကောင်းတဲ့အချိန်မှာရှိပါတယ်.. မှတ်ရမှာတစ်ခုက MP များလေ ပုံဆိုဒ်ကြီးပြီး Storage Space စားစေပါတယ်.. Battery - mAh နဲ့တိုင်းတာပါတယ်.. သင့်ဖုန်း Battery ကိုထုတ်ကြည့်ရင်တွေ့ရပါလိမ့်မယ်.. mAh များလေ Battery ကြာကြာသုံးခံလေပါပဲ.. e.g (S4 battery = 2600mAh) Network - နောက်ပိုင်း SIM ၂ကဒ်သုံးလို့ရတဲ့ဖုန်းတွေများလာပါတယ်.. အမျိုးအစားတွေကတော့ CDMA + GSM = ဆိုရင် GSM က Ooredoo သုံးမရပါဘူး WCDMA + GSM = WCDMA မြင်တာနဲ့ 3G Support လုပ်တဲ့အတွက် Ooredoo , MPT, Telenor ကြိုက်ရာသုံးနိုင်ပါတယ်.. GSM ကတော့ 2G သာ Support လုပ်လို့ MPT, Telenor ပဲရပါမယ် WCDMA + WCDMA = Ooredoo ၂ကဒ်လုံးသုံးနိုင်ပါတယ်.

No comments:

Post a Comment