Tuesday, March 17, 2015

Andriod ဖုန်းများအတွင်းသို့ ဝင်ရောက်နိုင်သည့် ဗိုင်းရပ်စ်တစ်မျိုး စတင်ပျံ့နှံ့လာ

♪ Andriod ဖုန်းများအတွင်းသို့ ဝင်ရောက်နိုင်သည့် ဗိုင်းရပ်စ်တစ်မျိုး စတင်ပျံ့နှံ့လာ ♫ Pyae Phyo (MMiTD) / 1 days ago အန်းဒရွိုက် စမတ်ဖုန်းများအတွင်းသို့ ဝင်ရောက်နိုင်သည့် Power Off HiJack Malware တစ်မျိုး စတင်ပျံ့နှံ့လာပြီဖြစ်ကြောင်း ဗိုင်းရပ်စ်ကာကွယ်ရေး စနစ်ကုမ္ပဏီတစ်ခုဖြစ်သည့် AVGက ထုတ်ဖော်ပြော ကြားလိုက်သည်။ အဆိုပါ Malware ဗိုင်းရပ်စ် မှာ ယခင်က ကွန်ပျူတာများအတွင်းသို့ ဝင်ရောက် ခဲ့သော်လည်း မကြာသေးမီကပင် စမတ်ဖုန်းများ အတွင်းသို့ ဝင်ရောက်နေပြီဖြစ် ကြောင်း တွေ့ရှိခဲ့ရ သည်ဟု ထုတ် ပြန်ခဲ့သည်။ ၎င်း Malware မှာ စမတ်ဖုန်းများအတွင်းသို့ ဂူးဂဲလ်စတိုးမဟုတ်သည့် အခြားသော Play Store များ၊ ဆော့ဖ်ဝဲများအတွင်းမှ တစ်ဆင့်ဝင်ရောက်လာ ခြင်းဖြစ်ပြီး ဗိုင်းရပ်စ်စတင်အလုပ်လုပ်ချိန်တွင် ဖုန်းပါဝါ ပိတ်ထားသယောင် ပုံစံဖြင့်ဖုန်းမျက်နှာပြင်အား အမည်းရောင်ပြောင်းလဲသွားစေမည် ဖြစ်သည်။ သို့သော် အမှန်တကယ် ဖုန်းစက်ပိတ်သွားမည် မဟုတ်ဘဲ စမတ်ဖုန်းအတွင်း ရှိ အချက်အလက်များကို ခိုးယူမည့် စနစ် ဖြစ်သည်ဟုသိရသည်။ ဗိုင်းရပ်စ်ဝင်ရောက်နေသည့် ဖုန်းမှာ အလိုအလျောက် ဖုန်းခေါ်ဆိုခြင်းများ၊ မက်ဆေ့ခ်ျနှင့် အီးမေးလ်ပေး ပို့ခြင်းများ၊ ကင်မရာရိုက်ကူးခြင်းများကို လုပ်ဆောင်နေမည်ဟုလည်း သိရသည်။ အဆိုပါ ဗိုင်းရပ်စ်အား စတင်တွေ့ရှိခဲ့သည့် AVG ကုမ္ပဏီ အနေနှင့်မူ အဆိုပါဗိုင်းရပ်စ်၏ ဆိုးကျိုးများကို ကျယ်ပြန့်စွာ ထုတ်ပြန်ပြောကြားခဲ့ခြင်းတော့ မရှိပေ။ Maleware ဗိုင်းရပ်စ်အဓိက ကူးစက်ခြင်းခံရမှုမှာဂူးဂဲလ်မဟုတ်သည့် PlayStore များမှ အက်ပလီကေးရှင်း များရယူခြင်း၊ အထူးသဖြင့် Root ဖောက်ထားသည့်စမတ် ဖုန်းများအတွင်းသို့ အလွယ်တကူ ဝင်ရောက်နိုင်ကြောင်းသိရသည်။ ထို့အပြင် Maleware ဝင်ရောက်နှင့်ပြီးသား ဖုန်းအတွင်းမှ ဖိုင်များအား Bluetooth , Zapya စသည်တို့ဖြင့် ကူးယူခြင်းမှလည်း ကူးစက်နိုင်၍ အက်ပလီကေးရှင်းထည့်သွင်းခြင်း များနှင့် Root ဖောက်ထားသည့် စမတ်ဖုန်းများအနေနှင့် Antivirus ဆော့ဖ်ဝဲများကို ထည့်သွင်း အသုံးပြုသင့်ကြောင်း LG မိုဘိုင်းဖုန်း ကုမ္ပဏီမှ နည်းပညာကျွမ်း ကျင်သူတစ်ဦးက သုံး သပ်သည်။ လက်ရှိတွင် Power Off HiJack ဗိုင်းရပ်စ် ကူးစက်ခံထားရသည့်စမတ်ဖုန်းပေါင်း တစ်သောင်း ကျော်ခန့် ရှိပြီဖြစ်ကြောင်း AVG ကုမ္ပဏီက ထုတ်ပြန်ကြေညာခဲ့သည်။ Credit: Popular Journal

No comments:

Post a Comment