Tuesday, March 24, 2015

တိုးတက်လာသော မြန်မာ့ ဘန်းစကားများ...

“ ဘန်းစကားတွေတဲ့ဗျို့ .... ” တိုးတက်လာသော မြန်မာ့ ဘန်းစကားများ ======================= ( ကိုယ်ကမသုံးပေမယ့် သူများကလာသုံးရင် နားမလည်ပဲ ခံလိုက်ရမှာဆိုးလို့ပါ ) အောက်ပါဝေါဟာရများကို ၁ ကြိမ်စီအသုံးပြု၍ စာစီကုံးပါ။ ဂါ/ဘွတ်စမံ/ဂျွတ်/ပျားတုပ်/လန်း/ဖလမ်းဖလမ်း/ဂိ/ညောင်း/ဂျင်းထဲ့/ဖောင်း/ပိန်း/ဖလာကြိတ်/ကုန်းဆင်း/အရောက်ပို့/ရှော်/နားကား/ရှော့/ကျော/ဘီးဂျဲ/ငုတ်တုတ်မေ့/ဂန့်/ဘူ/ကျွတ်ဆင်/ပွေး/ဖောရှော/အီစီကလီ/လန်ထွက်/ဖု/ကြူ/ရေလျှံ/တင်း/ပြဲ/အိုင်စီလွတ်/ဂေါက်/အမ်း/ဂိုက်ပေးကြမ်း/တိုင်ပတ်/ဗျင်း/ခိုက်/၉လောက်ရှိ/ထု/ငြိ/ဖွန်ကြောင်/ကျ/ကိုဝင်းကြည်/စတေးရှောင်/ကျွေး/ကြုံး/မျိုးကန်း/ဥ ကျော်ကျော် သည် ဂိုက်ပေးကြမ်း သောလူ ပွေး ၁ ယာက်ဖြစ်သည်။မူမူသည် ရေလျှံ သည့်အပြင် လန်ထွက် နေသော သူဋ္ဌေးသမီး ၁ ဦးဖြစ်သည်။ စတိတ်ရှိုး ၁ခုတွင် ဖလမ်းဖလမ်း ထနေသောမူမူကို ကျော်ကျော် ခိုက် သွားပြီး ငုတ်တုတ်မေ့ သွားသည်။ထို့နောက် ကျော်ကျော်သည် ရည်းစားဟောင်းအမကြီး ၁ ဦးထံမှ ကျော် ထားသော ဖုန်းဖြင့် မူမူကို ကြူ တော့သည်။ မူမူကလဲ သူငယ်ချင်းများက အရောက်ပို့ သောကြောင့် ကျော်ကျော်ကို အီစီကလီ ပြန်၍ ထု သည်။ကျော်ကျော်၏ ဖောရှော ကောင်းမှုကြောင့် မူမူသည် ကျော်ကျော်ကို ငြိသွားသည်။ကျော်ကျော်၏ ဖွန်ကြောင် ချက်မှာ ၉ လောက်ရှိ သဖြင့်နောက်ဆုံးတွင် မူမူ ကျသွားသည်။ ချစ်သူတို့သဘာဝ ကျော်ကျော်က မူမူကို ဘွတ်စမံ ကျွေးသည်။မူမူ မှာ မစားဖူးသောကြောင့် နားကားသွားသည်။ လိုတာထက်ပိုကျွေးမိသောကျော်ကျော်လဲ ဂိသွားသည်။သို့ဖြင့် မူမူမှာ ကိုဝင်းကြည် ရရှိလာသောအခါ လက်ထပ်ဖို့အစီအစဉ်မရှိသော ကျော်ကျော်မှာ တိုင်ပတ် တော့သည်။ မိမိကို ဖောင်း လာသောကျော်ကျော်ကို မူမူက တင်းသွားပြီး သူမ အမ်းထားသမျှကိုပြန်ပြီးတောင်း၏။တစ်ချိန်က ဖလာကြိတ် ၍ ကုန်းဆင်း ခဲ့သော ကျော်ကျော်မှာမူမူကို ရှော် ချင်သောကြောင့် အိုင်စီ လွတ်ပြီး ဂေါက်ချင်ဟန်ဆောင်လေသည်။ထိုကိစ္စကို ဘီးဂျဲ ကြီးဖြစ်နေပြီဖြစ်သော မူမူ၏ အဖေကြီးကသိသွားသည်။ သမီးဖြစ်သူကို ဂျင်းထဲ့ ခံရသဖြင့် အဖေကြီး ပျားတုပ်သွားသည်။မွေးထားသည့် တပည့်များကို ပြဲ သည်အထိ တိုက်ပြီးလျှင်ကျော်ကျော်ကို ဂန့် သည်အထိ ကျွေးရန်ညွန်ကြားသည်။ကျော်ကျော်လဲအဖေကြီးကို ဂျွတ်သွားပြီး သူတို့နှင့်ဝေးရာကို စတေးရှောင်တော့သည်။ အဖေကြီး၏ တပည့်များမှာ ပိန်း သောကြောင့် ကျော်ကျော်ကို ဗျင်းချင်သော်လဲ ရှာလို့မတွေ့ကြချေ။သို့သော်အဖေကြီး၏ ရှာဖွေမှုမှာ ကျွတ်ဆင် ကြီးဖြစ်သောကြောင့်နောက်ဆုံးတွင် ကျော်ကျော် ညောင်း သွားသည့်နေရာကို သိသွားတော့သည်။ တပည့်များက ၁ယောက် ၁ ချက် ဝိုင်း ကြုံးလျှင်တောင် ရှော့ တက်ပြီး ရှောသွားနိုင်သဖြင့် ကျော်ကျော်မှာ အဖေကြီးကို ဂါလိုက်ရတော့သည်။ကျော်ကျော်ကို ဖု နေသော်လဲ အဖေကြီးသည် ကလေးမျက်နှာကိုထောက်၍ မျက်နှာအဘူကြီးဖြင့်ကျော်ကျော်ကို အိမ်သို့ပြန်ခေါ်ခဲ့သည်။ ကံကောင်း၍ ကျော်ကျော် မျိုးကန်းမည့် ကိစ္စမှ လွတ်မြောက်သွားပြီး နောက်ထပ် ထွက်ပြေးမည့်အစီအစဉ်ကို ဥထားလိုက်တော့သည်။

Monday, March 23, 2015

ဖုန်းဝယ်တော့မယ်ဆိုရင်...‌

ဒီပို့စ်ကို Android Knowledge နည်းသူများအတွက်ရည်ရွယ်ပြီးရေးပါတယ်.. နောက်ပြီးဖုန်းတစ်လုံးကို ဘယ်လိုဝယ်ရမလဲ ဆိုတာလဲစဉ်းစားတတ်စေချင်တဲ့စေတနာလဲပါပါတယ် CPU - ဖုန်းတစ်လုံးရဲ့လုပ်ဆောင်နိုင်စွမ်းပါ.. အမျိုးအစားတွေကတော့ Single Core -(စွမ်းဆောင်ရည်တစ်ဆ) Dual Core - ၂ဆ Quad Core - ၄ဆ Octa Core - ၈ဆ အဲ့မှာမှ Unit ကတော့ကွဲပြားပါလိမ့်မယ် Quad Core ချင်းတူတာတောင် မြင့်တာနှိမ့်တာထပ်ကွဲပါ လိမ့်မယ်.. Unit ကိုတော့ Mhz နဲ့ Ghz ဆိုပြီခေါ်ပါတယ် (1000Mhz = 1Ghz) RAM - ဖုန်းတစ်လုံးရဲ့လုပ်ဆောင်ချက်တွေကိုယာယီသိမ်းဆည်းပေးတဲ့ Memory ပါ.. ဥပမာ Facebook ကိုသုံးရင်ထွက်လိုက်တယ်.. ခဏနေပြန်ဝင်ရင် ကိုယ်သုံးနေတဲ့နေရာပြန်ရောက်တယ် ဒါတွေက RAM လုပ်ဆောင်ချက်ပါ.. RAM က CPU နဲ့တိုက်ရိုက်ချိတ်ဆက်ပါတယ်.. CPU မြင့်လေ RAM များများလိုလေပါပဲ.. RAM အမျိုးအစားတွေကတော့ (128/256/512MB, 1/2/3/4GB) ရှိပါတယ်.. RAM ဆိုတာ သီချင်း ဂိမ်း ဒေတာသွင်းလို့မရပါဘူး Internal Memory Unit နဲ့တူတဲ့အတွက် အချို့လူတွေအယူလွဲတတ်ကြပါတယ်.. ROM (or) Internal Storage - ဖုန်းရဲ့နဂိုပါတဲ့ Memory ပါ.. ROM နည်းရင် ခဏလေးနဲ့ Low on Storage Space နဲ့ကြုံတွေ့ရပြီး အချို့ဖုန်းမှာ အလိုလို Storage Space ရှင်းဖို့ Software တက်လာတာကြုံရပါမယ် Android 4 အထက်ပါတဲ့တန်ဖိုးနည်းဖုန်းတွေမှာ ပိုဆိုးပါလိမ့်မယ်.. ဖြစ်နိုင် ရင်တော့ External SD ကဒ်ဆိုက်ပြီး Phone နဲ့တိုက်ရိုက်ချိတ်ဆက်မှုမရှိတဲ့ mp3, mp4, ဓာတ်ပုံ, APK ဖိုင်များကို Ext SD ထဲကို ရွေ့ (or) ထည့်ပါ.. Camera - Megapixel (MP) ဆိုတဲ့ Unit နဲ့ တိုင်းတာပါတယ်.. လက်ရှိအချိန်မှာ Back Camera 8MP ဆိုရင် အသင့်သင့်သုံးလို့ကောင်းတဲ့အချိန်မှာရှိပါတယ်.. မှတ်ရမှာတစ်ခုက MP များလေ ပုံဆိုဒ်ကြီးပြီး Storage Space စားစေပါတယ်.. Battery - mAh နဲ့တိုင်းတာပါတယ်.. သင့်ဖုန်း Battery ကိုထုတ်ကြည့်ရင်တွေ့ရပါလိမ့်မယ်.. mAh များလေ Battery ကြာကြာသုံးခံလေပါပဲ.. e.g (S4 battery = 2600mAh) Network - နောက်ပိုင်း SIM ၂ကဒ်သုံးလို့ရတဲ့ဖုန်းတွေများလာပါတယ်.. အမျိုးအစားတွေကတော့ CDMA + GSM = ဆိုရင် GSM က Ooredoo သုံးမရပါဘူး WCDMA + GSM = WCDMA မြင်တာနဲ့ 3G Support လုပ်တဲ့အတွက် Ooredoo , MPT, Telenor ကြိုက်ရာသုံးနိုင်ပါတယ်.. GSM ကတော့ 2G သာ Support လုပ်လို့ MPT, Telenor ပဲရပါမယ် WCDMA + WCDMA = Ooredoo ၂ကဒ်လုံးသုံးနိုင်ပါတယ်.

Tuesday, March 17, 2015

Ooredoo ဆင်းမ်ကတ်များ နိုင်ငံပေါင်း ၂၄ နိုင်ငံသို့ သယ်ဆောင် အသုံးပြုနိုင်

Ooredoo ဆင်းမ်ကတ်များ နိုင်ငံပေါင်း ၂၄ နိုင်ငံသို့ သယ်ဆောင် အသုံးပြုနိုင်   ဆက်သွယ်ရေးအော်ပရေတာ တစ်ခုဖြစ်သည့် Ooredoo သည် International Roaming အကောင် အထည် ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ ယခုလအတွင်း ၎င်းတို့၏ မိုဘိုင်း ဆင်းမ်ကတ်များ သည် နိုင်ငံပေါင်း ၂၄ နိုင်ငံဆီသို့ သယ်ဆောင် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ကမ္ဘောဒီးယား၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှား၊ မော်ဒိုက်စ်၊ ဖီလစ်ပိုင်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ထိုင်း၊ ဗီယက်နမ်၊ လင်ချင်းစတိုင်၊ ဆွစ်ဇာလန်၊ ဘရာဇီး၊ ကနေဒါ၊ အစ္စရေး၊ လဘနွန်၊ နယူးဇီလန်၊ အိုမန်၊ ကာတာ စသည့် နိုင်ငံပေါင်း ၂၁ နိုင်ငံတွင် Ooredoo ဆင်းမ်ကတ်များကို roaming စနစ်ဖြင့် သယ်ဆောင်အသုံးပြုနိုင်ခဲ့သည်ဟု သိရသည်။ သီရိလင်္ကာ၊ ထိုင်ဝမ်နှင့် အီတလီ စသည့် နိုင်ငံသုံးနိုင်ငံတွင်မူ ၂၀၁၅ ခုနှစ် မတ်လ ၂ရက်မှစ၍ အသုံးပြုနိုင်မည် ဖြစ်ကြောင်း Ooredoo က သတင်းထုတ်ပြန်ထားသည်။ အသုံးပြုခနှင့် ပတ်သက်၍ ပြည်ပနိုင်ငံ၌ မိုဘိုင်းဖုန်း ဖွင့်လှစ်လိုက်သည်နှင့် ကျသင့်ငွေကို SMS ဖြင့် ပေး ပို့ပေးမည်ဟု သိရသည်။ ပြည်ပနိုင်ငံ၌ မိုဘိုင်းဖုန်း အသုံးပြုရာတွင် ဖုန်းခေါ်ဆိုမှုများကို ၃၀ စက္ကန့်ဖြင့် အနီး စပ်ဆုံး ဖြတ်တောက်ခြင်း ဖြစ်သည့်အတွက် ဥပမာအားဖြင့် ၄၂ စက္ကန့် ကြာမြင့်စွာ အသုံးပြုခဲ့ပါက ၁ မိနစ်စာ ပေးချေရမည်ဖြစ်ပြီး အင်တာနက် အသုံးပြုခအတွက် ကျသင့်ငွေကို 50 KB နှင့် အနီးစပ် ဆုံး ဖြတ်တောက်မည်ဟု ကြေညာထားသည်။ မိုဘိုင်းဖုန်းများကို ပြည်ပသို့ သယ်ဆောင်အသုံးပြုရာတွင် သယ်ဆောင် အသုံးပြုသည့် နိုင်ငံအပေါ်မူတည်၍ ကျသင့်ငွေ ပေးချေရမည်ဖြစ်ပြီး နိုင်ငံအလိုက် ကွန်ရက် ကွဲပြားခြားနားမှု လည်း ဖြစ်ပေါ်နိုင်သည်ဟု သိရသည်။ Ooredoo နှင့်အပြိုင် Telenor နှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတို့သည်လည်း မိုဘိုင်းဖုန်းများ ကို ပြည်ပသို့ သယ်ဆောင် အသုံးပြုနိုင်သည့် နိုင်ငံအရေအတွက် တိုးတက်လာအောင် ဆောင်ရွက်နေ သည်ဟုသိရသည်။

Andriod ဖုန်းများအတွင်းသို့ ဝင်ရောက်နိုင်သည့် ဗိုင်းရပ်စ်တစ်မျိုး စတင်ပျံ့နှံ့လာ

♪ Andriod ဖုန်းများအတွင်းသို့ ဝင်ရောက်နိုင်သည့် ဗိုင်းရပ်စ်တစ်မျိုး စတင်ပျံ့နှံ့လာ ♫ Pyae Phyo (MMiTD) / 1 days ago အန်းဒရွိုက် စမတ်ဖုန်းများအတွင်းသို့ ဝင်ရောက်နိုင်သည့် Power Off HiJack Malware တစ်မျိုး စတင်ပျံ့နှံ့လာပြီဖြစ်ကြောင်း ဗိုင်းရပ်စ်ကာကွယ်ရေး စနစ်ကုမ္ပဏီတစ်ခုဖြစ်သည့် AVGက ထုတ်ဖော်ပြော ကြားလိုက်သည်။ အဆိုပါ Malware ဗိုင်းရပ်စ် မှာ ယခင်က ကွန်ပျူတာများအတွင်းသို့ ဝင်ရောက် ခဲ့သော်လည်း မကြာသေးမီကပင် စမတ်ဖုန်းများ အတွင်းသို့ ဝင်ရောက်နေပြီဖြစ် ကြောင်း တွေ့ရှိခဲ့ရ သည်ဟု ထုတ် ပြန်ခဲ့သည်။ ၎င်း Malware မှာ စမတ်ဖုန်းများအတွင်းသို့ ဂူးဂဲလ်စတိုးမဟုတ်သည့် အခြားသော Play Store များ၊ ဆော့ဖ်ဝဲများအတွင်းမှ တစ်ဆင့်ဝင်ရောက်လာ ခြင်းဖြစ်ပြီး ဗိုင်းရပ်စ်စတင်အလုပ်လုပ်ချိန်တွင် ဖုန်းပါဝါ ပိတ်ထားသယောင် ပုံစံဖြင့်ဖုန်းမျက်နှာပြင်အား အမည်းရောင်ပြောင်းလဲသွားစေမည် ဖြစ်သည်။ သို့သော် အမှန်တကယ် ဖုန်းစက်ပိတ်သွားမည် မဟုတ်ဘဲ စမတ်ဖုန်းအတွင်း ရှိ အချက်အလက်များကို ခိုးယူမည့် စနစ် ဖြစ်သည်ဟုသိရသည်။ ဗိုင်းရပ်စ်ဝင်ရောက်နေသည့် ဖုန်းမှာ အလိုအလျောက် ဖုန်းခေါ်ဆိုခြင်းများ၊ မက်ဆေ့ခ်ျနှင့် အီးမေးလ်ပေး ပို့ခြင်းများ၊ ကင်မရာရိုက်ကူးခြင်းများကို လုပ်ဆောင်နေမည်ဟုလည်း သိရသည်။ အဆိုပါ ဗိုင်းရပ်စ်အား စတင်တွေ့ရှိခဲ့သည့် AVG ကုမ္ပဏီ အနေနှင့်မူ အဆိုပါဗိုင်းရပ်စ်၏ ဆိုးကျိုးများကို ကျယ်ပြန့်စွာ ထုတ်ပြန်ပြောကြားခဲ့ခြင်းတော့ မရှိပေ။ Maleware ဗိုင်းရပ်စ်အဓိက ကူးစက်ခြင်းခံရမှုမှာဂူးဂဲလ်မဟုတ်သည့် PlayStore များမှ အက်ပလီကေးရှင်း များရယူခြင်း၊ အထူးသဖြင့် Root ဖောက်ထားသည့်စမတ် ဖုန်းများအတွင်းသို့ အလွယ်တကူ ဝင်ရောက်နိုင်ကြောင်းသိရသည်။ ထို့အပြင် Maleware ဝင်ရောက်နှင့်ပြီးသား ဖုန်းအတွင်းမှ ဖိုင်များအား Bluetooth , Zapya စသည်တို့ဖြင့် ကူးယူခြင်းမှလည်း ကူးစက်နိုင်၍ အက်ပလီကေးရှင်းထည့်သွင်းခြင်း များနှင့် Root ဖောက်ထားသည့် စမတ်ဖုန်းများအနေနှင့် Antivirus ဆော့ဖ်ဝဲများကို ထည့်သွင်း အသုံးပြုသင့်ကြောင်း LG မိုဘိုင်းဖုန်း ကုမ္ပဏီမှ နည်းပညာကျွမ်း ကျင်သူတစ်ဦးက သုံး သပ်သည်။ လက်ရှိတွင် Power Off HiJack ဗိုင်းရပ်စ် ကူးစက်ခံထားရသည့်စမတ်ဖုန်းပေါင်း တစ်သောင်း ကျော်ခန့် ရှိပြီဖြစ်ကြောင်း AVG ကုမ္ပဏီက ထုတ်ပြန်ကြေညာခဲ့သည်။ Credit: Popular Journal

Taskbar

Taskbar .apk
3.3MB

    Download

Friday, March 13, 2015

Wallpaper changer

ဖုန်းwallpaperကိုကြိုက်‌ရာဓာတ်‌ပုံ‌တွေ‌‌ရွေးပြီးစိတ်‌ကြိုက်‌အချိန်‌နဲ့wallpaperဖန်‌တီးလို့ရပါတယ်‌။1.8MB

    Download

System app uninstaller.apk. 0.9MB

ဖုန်းမှာ system app ကို uninstallလုပ်‌မယ်‌။ဖုန်းမှာrootရှိရပါမယ်။‌

Download

App Cache Cleaner.apk

ဖုန်းမှာapp‌တွေinstallလုပ်‌တာများ‌နေလျှင်‌ ဖုန်းဟာ‌လေးလံလာပါတယ်‌။ဒီapk‌လေးက ဖုန်းမှာရှိတဲ့သိုဝှက်‌ထားတဲ့ဖိုင်‌‌(cache data)‌တွေကိုရှင်းလင်း‌စေပါတယ်‌။ဖိုင်‌ဆိုဒ်‌ကလည်း1.4MBသာရှိပြီးဖိုင်‌ဆိုဒ်‌‌သေး‌ပေမယ့်‌အလွန်‌အသုံးဝင်‌တဲ့apkဖြစ်‌ပါတယ်‌။

Download     
  

Wednesday, March 4, 2015

Bluelight Filter

ဖုန်းမှလာ​သောအလင်း​ရောင်​​ကြောင့်​ မျက်​စိကိုထိခိုက်​တတ်​ပါတယ်​။ဒီapkက မျက်​စိမထိခိုက်​​အောင်​ကာကွယ်​​ပေးနိုင်​ပါတယ်​။အလင်းအ​မှောင်​ကိုလည်း စိတ်​ကြိုက်​ချိန်​ညှိနိုင်​ပါတယ်​။

         Download

Lockscreen

ဖုန်းကို ပါဝါခလုပ်နှိပ်စရာမလိုဘဲ ဒီapk​​​လေးနဲ့ ပိတ်လို့ရပါတယ်။

       Download

Dota2. 3D live wallpaper

Dotaကြိုက်နှစ်သက်သူများအတွက် ​​​​Dota2-3D live wallpaper​လေးပါ။

                     Download

မင်းမြတ်​သူရ ~ပုလဲပင်​လယ်​​အော်

မင်းမြတ်​သူရ~ပုလဲပင်​လယ်​​အော်
      

             Download

Tuesday, March 3, 2015

ချစ်​ရ​သောသူသို့....

ချစ်သူ
တစ်​ဖက်​သတ်​ ချစ်​​နေရသူကို
စာနာပါကွာ။
ချစ်​သူ...
မင်းရဲ့အလှ​အောက်​မှာ ကျရှုံး​နေရသူကို
သနားပါကွာ။
ချစ်​သူ...
သေဆိုရင်​​သေ
ရှင်​ဆိုရင်​ရှင်
မင်းအလိုကျ မင်းစိတ်​တိုင်းကျ
ကိုယ့်​ချစ်​သူ အမြဲတမ်း​ပျော်​ရွှင်​​နေတာကိုပဲ
အမြဲ​တွေ့ချင်​မိပါတယ်​။

                                                    ~Y.L.A~